ယောကီးကတော့ မြန်မာအိုင်ဒေါ ပြိုင်ပွဲကြီးကနေ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိထားတဲ့ ပရိသတ်အချစ်တော် တစ်ယောက်ပဲဖြစ်ပါတယ်။ ယောကီးကတော့ သူ့ရဲ့ပရိသတ်တွေသူ့ကို အားပေးရကျိုးနပ်အောင် အနုပညာလောကမှာ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နိုင်အောင် ကြိုးစားနေခဲ့ပါတယ်။

မနေ့ကစက်တင်ဘာလ (၁၈)ရက်နေ့မှာတော့ ပရိသတ်တွေရဲ့အချစ်တော် ယောကီးရဲ့ ပထမဆုံးကိုယ်ပိုင်သီချင်းလေးရဲ့ Music Video လေးကတော့ ထွက်ရှိလာခဲ့ပါတယ်။ သီချင်းလေးရဲ့ နာမည်ကတော့ “ကံတရား” လို့နာမည်ပေးထားပြီး ပထမဆုံးသီချင်းလေးလို့ မထင်မှတ်ရလောက်အောင် ကောင်းလွန်းလှတဲ့ သီချင်းလေးတစ်ပုဒ်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့အကြိုက်နဲ့ ထပ်တူကျတာကြောင့် ပရိသတ်တွေက ချီးကျူးနေခဲ့ကြပါသေးတယ်။

CeleZone ပရိသတ်ကြီးရေ ယောကီးရဲ့ ပထမဆုံးကိုယ်ပိုင်သီချင်းလေးဖြစ်တဲ့ “ကံတရား” သီချင်းလေးကို နားဆင်ပြီးကြပြီလား။ နားမဆင်ရသေးတဲ့ ပရိသတ်တွေအတွက်လည်း နားထောင်လို့ရအောင် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ်နော်။

Video Player
00:00
04:50

Chilli – CeleZone
Source – Tay Than Thar