Stay Home ကာလတွေဟာ ချစ်သူတွေအတွက်တော့ အလွမ်းကာလတွေလိုပါပဲ။ တစ်ယောက်နဲ့တစ်ယောက် ဖုန်းလေးထဲမှာပဲ အလွမ်းဖြေနေရပြီး အရင်ကလို အတူသွား အတူစားမလုပ်နိုင်ကြတော့ပါဘူး။ ဝါဆိုတစ်ယောက်လည်း ဖြိုးလေးနဲ့အတူ ပုဂံသွားခဲ့တုန်းက အမှတ်တရပုံလေးတွေကိုတင်ပြီး ချစ်သူနဲ့ကြည်နူးခဲ့တဲ့ အခိုက်အတန့်လေးတွေကို ပြန်ပြီး အမှတ်ရနေခဲ့ပါတယ်။
ချစ်ခဲ့ကြတာလည်း ငါးနှစ်ကျော်လာခဲ့ပြီဖြစ်ပြီး လက်တွဲတွေကတော့ အခုချိန်ထိ ခိုင်ခိုင်မြဲမြဲပါပဲ။ အရမ်းကိုအလိုလိုက်ပြီးချစ်တတ်တဲ့ ဖြိုးလေးကြောင့် ဝါဆို့ရဲ့အပြုံးတွေက အချိန်တိုင်းမှာ အသက်ဝင်နေခဲ့ပါတယ်။ ” ငါ့သဲလေး ” လို့အမြဲခေါ်ပြီး စိတ်ကောက်တိုင်း အပြေးလေးချော့တတ်ပါသေးတယ်။ နှစ်ယောက်လုံးက ကိုယ်ပိုင်လမ်းကြောင်းပေါ်မှာ အားပေးသူပရိသတ်တွေနဲ့ အောင်အောင်မြင်မြင် လျှောက်လှမ်းနိုင်ကြသူတွေပါ။
ပုဂံမြေပေါ်မှာ နှစ်ယောက်သားရဲ့အချစ်တွေ ပြည့်ခဲ့တဲ့ပုံလေးတွေကို ” ပုဂံအလွမ်းပြေ ” ဆိုပြီး ဝါဆိုက တင်ထားခဲ့တာပါ။ အတူတူခရီးသွားခဲ့တဲ့ အချိန်လေးတွေဟာ ပျော်စရာအကောင်းဆုံးနဲ့ အကြည်နူးရဆုံးပါပဲ။ မကြာခဏဆိုသလို အတူတူခရီးတွေ ထွက်ခဲ့ကြပေမယ့် လက်ရှိမှာတော့ ကိုယ်စီအိမ်မှာပဲနေရင်း အလွမ်းဆက်နေခဲ့ကြပါတယ်။
Happy – Cele Zone
Photo – Warso Moe Oo
(ဇော်ဂျီဖြင့်ဖတ်ရန်)
ပုဂံမှာကြည်နူးခဲ့တဲ့ အမှတ်တရပုံလေးတွေကို ချစ်သူအလွမ်းပြေ ဝေမျှလိုက်တဲ့ ဝါဆိုမိုးဦး
Happy – Cele Zone
Photo – Warso Moe Oo