ပရိသတ်ကြီးရေ စွမ်းကတော့ သရုပ်ဆောင် မင်းသားတစ်ယောက်အနေနဲ့သာမက ဇာတ်မင်းသားတစ်ယောက်အနေနဲ့ပါ ပရိသတ်တွေကို သူ့ရဲ့အနုပညာတွေနဲ့ ဖျော်ဖြေပေးနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စွမ်းကို သရုပ်ဆောင်တစ်ယောက်အနေနဲ့သာမက ဇာတ်မင်းသားတစ်ယောက်အနေနဲ့ပါ လက်ခံအားပေးကြတာပါ။

အခုနောက်ပိုင်းမှာတော့ စွမ်းက ဇာတ်မင်းသားတစ်ယောက်အနေနဲ့သာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေခဲ့ပါတယ်။ အခုလို Covid ကာလမှာ ဇာတ်သဘင်ကပြခွင့်တွေလည်း ပိတ်ထားတာကြောင့် စွမ်းကတော့ သူ့ရဲ့ပရိသတ်တွေကို ဇာတ်ကတဲ့ အနုပညာနဲ့ဖျော်ဖြေနေခဲ့ရတဲ့ အချိန်တွေကို လွမ်းဆွတ်တမ်းတနေကြောင်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဝမ်းနည်းစွာနဲ့အခုလိုပဲဖော်ပြလာခဲ့ပါတယ်။

“မင်းသားလေးလိုကတဲ့ချိန်လေးတွေလွမ်းလို့ •••••”ဆိုပြီး အရင်က မင်းသားဝတ်စုံနဲ့ ရိုက်ကူးခဲ့တဲ့ ပုံလေးတွေကိုပါ အမှတ်တရ အလွမ်းပြေဖော်ပြထားပါသေးတယ်။ CeleZone ပရိသတ်ကြီးတွေရော စွမ်းတစ်ယောက်ကပြဖျော်ဖြေခဲ့တဲ့ အချိန်တွေကိုလွမ်းနေပြီလား။ စွမ်းကတဲ့ ဇာတ်ပွဲတွေကို ကြည့်ချင်နေကြပြီလား။

Chilli – CeleZone
Source – Swan Zarni