မိန်းကလေးတွေရဲ့ စိတ်ကူးအိပ်မက်ထဲက Boyfriend Material လေးဆိုတာ
မိန်းကလေးတိုင်းမှာတော့ မတူညီတဲ့ dream boy လေးတွေဆိုတာ ရှိကြမှာပါပဲ။ ဒါပေမဲ့ မိန်းကလေးတိုင်း လိုချင်တဲ့ boyfriend material ကတော့ အားလုံးပုံစံအတူတူတွေပဲဖြစ်နေမှာပါ။ Boyfriend material ဆိုတာ ရုပ်ရည်ရူပကတို့၊ အရပ်အမောင်းတို့၊ မိသားစုအသိုင်းအဝိုင်း စတာတွေကိုပြောတာမဟုတ်ဘဲ
သန့်သန့်လေးဖြစ်နေရမယ်
ချောမောလှတဲ့ ရုပ်ရည်မရှိရင်တောင်မှဘဲ ဘယ်ချိန်ကြည့်လိုက်ကြည့်လိုက် သန့်ပြန့်နေတဲ့ ကောင်လေးမျိုးကို ကောင်မလေးတွေက သိပ်သဘောကျတတ်ကြတာ။ အဝတ်အစားကလည်း သေသေသပ်သပ်လေးဝတ်ထားတာမျိုး၊ သန့်သန့်ရှင်းရှင်းလေးဖြစ်နေတာမျိုးလေးတွေပေါ့။
ကိုယ်ချင်းစာစိတ်ရှိရမယ်
မိန်းကလေးတစ်ယောက်ကို ကိုယ်ချင်းစာတရားနဲ့ ဆက်ဆံတတ်တဲ့ ကောင်လေးတွေဆိုရင်လည်း ကောင်မလေးတွေက လိုချင်ကြသတဲ့။ တကယ်တော့လည်း relationship တစ်ခုမှာ ချစ်တာ၊ မချစ်တာထက် ကိုယ်ချင်းစာတရားလည်း လိုအပ်သေးတယ်လေနော်။
ကြင်နာတတ်ရမယ်
ချစ်ရုံနဲ့တင်မပြီးသေးဘူး ကိုယ့်ကို ကြင်ကြင်နာနာနွေးနွေးထွေးထွေးဆက်တံတတ်ရဦးမှလေနော်။ မဟုတ်ရင် boyfriend ထားတာ ဘာအကျိုးရှိတော့မှာလဲ။ မဟုတ်ဘူးလား။ ဘယ်သူမဆို ကြင်နာတတ်တဲ့ ကောင်လေးကို ချစ်သူကလည်း တော်ချင်ကြသေး။
သစ္စာရှိရမယ်
ဒါကတော့ ပြောစရာမလိုပါဘူး။ ကောင်မလေးတိုင်း ကိုယ့်ချစ်သူကို သစ္စာရှိစေချင်ကြတာချည်းပဲ။
အမြဲကြိုးစားနေရမယ်
သူကိုယ်တိုင်အတွက်ပဲဖြစ်ဖြစ်၊ ချစ်သူနဲ့အနာဂတ်အတွက်ပဲဖြစ်ဖြစ် အမြဲတမ်း တစ်ခုမဟုတ်တစ်ခု တိုးတက်ရာတိုးတက်ကြောင်းအတွက်ပဲ ကြိုးစားနေတဲ့ ကောင်လေးတွေကတော့ ကောင်မလေးတွေအတွက် ဆွဲဆောင်မှုအရှိဆုံးပါပဲတဲ့။
