လူအများစုက လူမှုကွန်ရက်မှာတင်တိုင်း သူတို့ရဲ့အလှဆုံးပုံတွေပဲတင်တတ်ကြပါတယ်။ စိုင်းစိုင်းကတော့ ပရိသတ်တွေစနောက်ကြတဲ့ သူ့ရဲ့ခပ်ပြောင်ပြောင်ပုံတွေကိုလည်း အမြဲလိုလိုတင်ကာ ပြန်ပြီးစနောက်တတ်သူတစ်ယောက်ပါ။ ချစ်ဖို့ကောင်းတဲ့အပြုအမူလေး တွေကြောင့် ပရိသတ်တွေရဲ့ နှစ်ပေါင်းရှည်ကြာ အားပေးမှုတွေကို ရရှိခဲ့သူတစ်ယောက်ပါ။
ဒီနေ့မှာတော့ စိုင်းတစ်ယောက် လွန်ခဲ့တဲ့ (၂၀၀၆ / ၂၀၀၇) လောက်က ပရိသတ်တွေကို လက်မှတ်ထိုးပေးနေတဲ့သူ့ရဲ့ပုံတစ်ခုကို ပြန်လည်ဝေမျှခဲ့ပါတယ်။ ဒီပုံထဲမှာတော့ စိုင်းက တော်တော်လေးပိန်နေခဲ့တာပါ။ ဖခင်ဆုံးပါးသွားခဲ့လို့ စိတ်မကောင်းဖြစ်နေတဲ့ အချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ဒီလိုဖြစ်သွားခဲ့ပုံပါပဲ။
ဒီပုံလေးကို ” ဒါ ၀၆/၀၇ လောက်ကပုံပါ အဖေဆုံးကာစ ဂျုံးဂျုံးကျနေတယ်ထင်တာပဲ ရုပ်ဆိုးတာဗျာ တလက်စတည်း ရုပ်ဆိုးပုံ Challenge လုပ်ကြရအောင် နေ့တိုင်းလှတဲ့ပုံတွေပဲ တင်နေကြတာ ရုပ်ဆိုးပုံတင်ကြေး ဘယ်လိုလဲ ” ဆိုပြီး အားလုံးကို Challenge ခေါ်ကာ ပြန်တင်ထားခဲ့ပါတယ်။
Happy – Cele Zone
Photo – Sai Sai Kham Leng
(ဇော်ဂျီဖြင့်ဖတ်ရန်)
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က သူ့ရဲ့ရုပ်ဆိုးဆိုးပုံကိုတင်ရင်း ပရိသတ်တွေကို Challenge လုပ်လိုက်တဲ့ စိုင်းစိုင်းခမ်းလိုင်
Happy – Cele Zone
Photo – Sai Sai Kham Leng