သရုပ်ဆောင် မင်းသမီးချော ခိုင်သင်းကြည်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှုကင်းကင်းနေတတ်တဲ့ မခိုင်လေးရဲ့စတိုင်ကြောင့်လည်း ပရိသတ်တွေက ကြွေနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မခိုင်လေးက အခုချိန်အထိ ခေတ်ရေစီးကြောင်းအတိုင်း လိုက်လျောညီထွေစွာ နေထိုင်တတ်သူလည်း ဖြစ်ပါတယ်။

မခိုင်လေးအနေနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့အရွယ်တင်နုပျိုမှုက အံ့အားသင့်လောက်အောင်ပဲ ဖြစ်ပါတယ်။ မခိုင်လေးက ကျန်းမာရေးလိုက်စားသူဖြစ်တာကြောင့် ခန္ဓာကိုယ်လေးကလည်း အဆီပိုမရှိဘဲ ကျစ်လစ်လှပနေတာ ဖြစ်ပါတယ်။ 

အခုမှာတော့ မြင်သူတိုင်းအချစ်ပိုရလောက်အောင် လှရက်လွန်းနေတဲ့ မြန်မာဝတ်စုံလေးတွေဝတ်ကာ Challenge လုပ်ထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းမှာ မခိုင်လေးတစ်ယောက်နုပျိုကာ အရမ်းချစ်ဖို့ကောင်းနေတာကြောင့် ပရိသတ်တွေ အချစ်ပိုစေမှာအမှန်ပါပဲနော်။ cele zone ချစ်ပရိသတ်တွေအတွက် မခိုင်လေးရဲ့ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်နော် ။

Yuan  – Cele Zone

Photo – Khine Thin Kyi 

(ဇော်ဂျီဖြင့်ဖတ်ရန်)

မြန်မာဝတ်စုံလေးတွေဝတ်ရတာ ဂုဏ်ယူစရာကောင်းကြောင်း Challenge လေးလုပ်ပြလိုက်တဲ့ ခိုင်သင်းကြည်




Yuan  – Cele Zone

Photo – Khine Thin Kyi