ဟာခနဲဟင်ခနဲဖြစ်သွားရလောက်အောင် အကြမ်းစားဂေါ်ပြလိုက်တဲ့ M Seng Lu ရဲ့ ပုံရိပ်များ
ဆိုင်းလုကတော့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံခြားသူလေးလို ဘိုဆန်ဆန်လှနေတဲ့ ဆိုင်းလုက ပရိသတ်တွေအသည်းခိုက်အောင် ကြွေနေရတဲ့ မိန်းမလှလေးဆိုရင်လည်း မမှားပါဘူးနော်။ ဒါ့အပြင် ဆိုင်းလုက အမြဲလိုလို အမိုက်စားဖက်ရှင်တွေနဲ့ ခေတ်ဆန်ဆန်လေး လှနေတတ်တာလည်း ဖြစ်ပါတယ်။

ခေတ်နဲ့အညီ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်တဲ့ ဆိုင်းလုက လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးဖက်ရှင်လေးတွေနဲ့ အမြဲတမ်းအထာကျနေတတ်သူ ဖြစ်ပါတယ်။သူမကတော့ မော်ဒယ်တစ်ယောက်ပီပီ မိန်းကလေးတိုင်းအားကျရတဲ့ အချိုးအစားပြေပြစ်ပြီး လှပတဲ့ခန္ဓာကိုယ် အလှကို ပိုင်ဆိုင်ထားသူပဲ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သူမကတော့ ယခုမှာ အနှပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

ဆိုင်းလုကတော့ သူမရဲ့ အနုပညာလှုပ်ရှားမှုပုံရိပ်တွေနဲ့ အမိုက်စား အလှပုံလေးတွေကို သူရဲ့ instagram အကောင့်မှာ အများဆုံးဖော်ပြလေ့ရှိတာတွေ့ရပါတယ်။အခုလည်း ကြည့်မိသူတိုင်းရင်ခုန်သွားရလောက်အောင် လန်းလွန်း နေတဲ့ အမိုက်စားပုံရိပ်လေးတွေကို ဖော်ပြထားတာကြောင့် cele zone ချစ်ပရိသတ်ကြီးတွက် မျှဝေပေးလိုက်ပါတယ်။

Yuan – Cele Zone
Photo – M Seng Lu
(ဇော်ဂျီဖြင့်ဖတ်ရန်)

Yuan – Cele Zone
Photo – M Seng Lu
