ဒီနေ့မှာပဲ အသက် (၂၁) နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ Myanmar Idol ပြိုင်ပွဲဝင်ဟောင်း ချမ်းမြေ့မောင်ချို
ပြီးခဲ့တဲ့ Myanmar Idol Season (4) ဟာ အရင်နှစ်တွေတုန်းကလိုပဲ ပရိသတ်တွေစိတ်ဝင်စားမှု ခံရတဲ့ပြိုင်ပွဲတစ်ခုပါပဲ။ ပြိုင်ပွဲဝင်တွေ အားလုံးဟာ ကိုယ်စီမှာရှိကြတဲ့ အသံစွမ်းရည်တွေကို အပြိုင်အဆိုင်ပြကြရတာဖြစ်ပြီး ပရိသတ်တွေကလည်း တခဲနက်အားပေးကြပါ တယ်။ ဒီပြိုင်ပွဲရဲ့ Final ကတော့ လူစိတ်အဝင်စားခံရဆုံး Season တစ်ခုဖြစ်ခဲ့ပါတယ်။

ဒီနောက်ဆုံး Final ထိ တက်လှမ်းနိုင်ခဲ့တဲ့ ချမ်းမြေ့မောင်ချိုဟာဆိုရင် အသက်ငယ်ပေမယ့် သူမရဲ့ဂီတအရည်အသွေးကို အပြည့်အဝ ထုတ်ပြနိုင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ကျန်းမာရေး အခြေအနေကြောင့် Final ပွဲမှာ လာရောက်ယှဉ်ပြိုင်နိုင်ချင်းမရှိခဲ့ပေမယ့် ပွဲအပြီးမှာတော့ သူမရဲ့ကိုယ်ပိုင်သံစဉ်သီချင်းတွေကို ပရိသတ်တွေဆီချပြနိုင်ခဲ့ပါတယ်။

ဒီနေ့ဟာတော့ ချမ်းမြေ့မောင်ချိုရဲ့ အသက် (၂၁) ပြည့်မွေးနေ့လေးဖြစ်ပြီး ချစ်ခင်ရသူတွေနဲ့ ပရိသတ်တွေကလည်း မွေးနေ့ဆုတောင်း စကားလေးတွေပြောပေးခဲ့ကြပါတယ်။ Happy Birthday ပါ မောင်ချိုရေ ဒီနှစ်မွေးနေ့ကစပြီး ကိုယ်လုပ်ချင်သမျှ အရာတွေ အကောင်အထည်ပေါ်ပြီး အောင်မြင်မှုတွေအများကြီးပိုင်ဆိုင်နိုင်ပါစေ။

Happy – Cele Zone
Photo – Chan Myae Mg Cho
(ဇော်ဂျီဖြင့်ဖတ်ရန်)

Happy – Cele Zone
Photo – Chan Myae Mg Cho
